Saturday, September 18, 2021

နေတတ်ရင် အေးဆေးလေး ဆိုသူများသို့

မနေတတ်ဘူး ရူးမတတ်ပဲ အတင်းအဓမ္မစစ်အာဏာသိမ်းခံရတဲ့အတွက်..... မနေတတ်ဘူး ရူးမတတ်ပဲ အမေစုထိန်းသိမ်းခံရတဲ့အတွက်..... မနေတတ်ဘူး ရူးမတတ်ပဲ ပြည်သူ့ကိုယ်စားလှယ်တွေထိန်းသိမ်းခံရတဲ့အတွက်..... မနေတတ်ဘူး ရူးမတတ်ပဲ ပြည်သူ့ချစ်တဲ့အနုပညာရှင်တွေထိန်းသိမ်းခံရတဲ့အတွက်..... မနေတတ်ဘူး ရူးမတတ်ပဲ ပြည်သူ့၀န်ထမ်းCDMတွေထိန်းသိမ်းခံရတဲ့အတွက်..... မနေတတ်ဘူး ရူးမတတ်ပဲ (GZ)ဂျင်နရေးရှင်းဇက်တွေဆုံးရှုံးခံရတဲ့အတွက်..... မနေတတ်ဘူး ရူးမတတ်ပဲ အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေကျဆုံးရတဲ့အတွက်..... မနေတတ်ဘူး ရူးမတတ်ပဲ ဓမ္မဘက်ကသံဃာတော်တွေကျဆုံးရတဲ့အတွက်..... မနေတတ်ဘူး ရူးမတတ်ပဲ မသေသင့်ဘဲ သေခဲ့ရတဲ့ကိုဗစ်လူနာများအတွက်..... မနေတတ်ဘူး ရူးမတတ်ပဲ အရာရာအားလုံးအားလုံးအတွက် မဖြစ်သင့် မဖြစ်ထိုက်ပဲ ဖြစ်နေဆဲ ပျက်နေဆဲ ဒီလိုအချိန် ဒီလိုအနေထားမှာ..... လက်ရှိအချိန်အထိ တစ်ချို့တစ်ချို့တွေက နေရက်တယ် နေနိုင်တယ် နေတတ်တယ်........ ကိုငှက်ကြီးရဲ့သီချင်းထဲကလို တစ်နေ့တာအလွဲမဟုတ် တစ်ဘ၀စာအလွဲမဟုတ် ဘ၀ပေါင်းများစွာအတွက် တစ်သက်တာအလွဲများဖြစ်လို့ နေတတ်ရင် အေးဆေး လေးဆိုသူများ သင်တို့ရဲ့အနာဂတ်များ အေးအေးဆေးဆေး နေတတ်သွားနိုင်ကြပါစေ။ AungZawHtay 18/9/2021 19:13