Friday, June 4, 2021

သူငယ်ပြန်ရမဲ့အရွယ်

 သူငယ်ပြန်ရမဲ့အရွယ်


ငယ်သူငယ်ချင်းတွေ ငယ်ဘ၀က အလွှာမတူ အဆင့်အတန်းမတူသော်ငြားလည်းပဲ အတူတူတွဲ အတူတူကဲ အတူတူမခွဲခဲ့ကြဘူး။


အရွယ်ကလေးရလာ သီးချိန်ပွင့်ချိန်တန်လာတဲ့ အခါကြတော့လဲ သူ့အသီးနဲ့သူ သူ့အပွင့်နဲ့သူ တန်ရာတန်ရာ တော်ရာတော်ရာ ကိုယ့်လမ်းကိုယ်လျှောက်ကြတဲ့အခါ မလွဲသာလို့ မထင်မှတ်ပဲကွဲကွာသွားကြတာလဲရှိတယ် တမင်တကာခွဲခွာသွားကြတာလဲရှိတယ်။


အမှတ်မထင်ကွဲကွာသွားလို့ပြန်တွေ့ကြရင် ပြန်လည်ပြီးနုပျိုချင်သလိုလိုဖြစ်ရသလို တမင်တကာခွဲခွာလို့ပြန်တွေ့ကြရင် မခေါ်မပြောချင်တော့တာလဲရှိတယ်။


အရွယ်ကလေးရင့်လာတဲ့အခါမှာတော့ ငယ်ကပဲပေါင်းပေါင်း ကျောင်းသွားဖေါ်ပဲဖြစ်ဖြစ် မိတ်ဆွေအတုနဲ့အစစ် ခွဲခြားဆန်းစစ်နိုင်ပြီဖြစ်လို့ ဘာကိုမှလွမ်းမနေအားတော့ဘူး။


မီးစာကုန်ဆီခမ်းလို့ စိတ်မောပင်ပန်းနွမ်းနယ်‌နေပြီး ဘ၀ရဲ့နေ၀င်ချိန်နေ့များကို ဘယ်လိုစခန်းသွားမလဲဆိုတာ သဲသဲကွဲမသိရပေမဲ့ ခုချိန်ထိ လောဘ မောဟ ဒေါသ ဆိုတဲ့ အတ္တအစွဲတွေနဲ့ ကျွန်တော်တို့ခင်ဗျားတို့ နောင်တ တွေမဲ့နေဆဲ သင်္က္ခာရတရားတွေမဲ့နေဆဲ .......


  အို နာ သေ ဆိုတဲ့အရွယ်သုံးပါးရဲ့ နောက်ဆုံးနေရက်များကို အလွယ်တကူ သက်တောင်သက်သာ ဖြတ်သန်းဖို့အတွက် ဒီနေ့ ဒီရက်ကစလို့ ဘာတွေလုပ်ရင်ကောင်မလဲတွေးကြည့်မိတယ်။


ခင်ဗျားကော တွေးကြည့်မိဖူးသလား။

ခင်ဗျားတို့ ကျုပ်တို့ ဘာလုပ်သင့်သလဲ ?

ဘယ်လိုပြင်ဆင်သင့်သလဲ ? သာရေးနာရေးနဲ့ဘာသာ‌ရေးလူမှု့ရေးတွေလုပ်သင့်သလား ?တရားစခန်းပဲ၀င်သင့်သလား ? 

တရားစစ်တရားမှန်မှာ တရားအမှန်ကောပေါက်ပါမလား ? သေချင်ရဲ့အခြားတစ်ဖက်မှာ ဘာတွေရှိမလဲ? နောင်သံသရာကောင်းရာကောင်းကြောင်း အေးရာအေးကြောင်းအတွက် ခုချိန်မှာကောင်းမှု့ကုသိုလ်တွေလုပ်ရင် အချိန်မှီသေးသလား မှီပါ့မလား ?

ဟူးးးးးးးး

သက်ပြင်းအခါခါချမိတဲ့နောက်တော့

ဘုရားဟောခဲ့တယ်ဆိုတဲ့ အဆိုတွေထဲက ကိုယ့်သတိရချင်တာ ရတော့တာပဲ...........


"ကံဆိုတာ အလုပ်"

"အလုပ်ကောင်းရင် ကံကောင်မယ်"

"ကောင်းမှု့ပြုခဲ့လို့ ကောင်မှု့ခံစားရတယ်"

"ကံ ကံ၏အကျိုး"

"သတ္တဝါတစ်ခု ကံတစ်ခု"

"ဘယ်သူမပြု မိမိမှု့"

"ပြုသူအသစ် ဖြစ်သူအဟောင်း"

"ကောင်းမှု့ပြုခဲ့လို့ ကောင်မှု့ခံစားရတယ်"

"..................."

"..................."

"..................."

"..................."

စဉ်းစားရင်းတွေးရင်းနဲ့ ငယ်ငယ်တုန်းကဘ၀တွေကိုပဲပြန်လည်တမ်းတမိနေပါတော့တယ် 

ငါ သူငယ်ပြန်သွားတာများလား............


Aung Z Ht