Wednesday, May 26, 2021

ယုံကြည်ချက်

 ယုံကြည်ချက်


အကယ်၍များ

မျှော်လင့်ထားသလို

ဖြစ်မလာဘူးဆိုရင်......


အကယ်၍များ

ထင်မြင်ထားသလို

မဖြစ်ခဲ့ဘူးဆိုရင်......


အကယ်၍များ

ယုံကြည်ထားသလို

မဟုတ်ခဲ့ဘူးဆိုရင်......


အကယ်၍များ

မျှော်လင့်မထားပဲ

ဖြစ်လာခဲ့မယ်ဆိုရင်......


အကယ်၍များ

ထင်မှတ်မထားပဲ

ဖြစ်သွားခဲ့မယ်ဆိုရင်......


အကယ်၍များ

အယုံအကြည်မဲ့တဲ့ကြားက

အမှန်ဖြစ်သွားခဲ့ရင်......


အကယ်၍ပေါ့

ဘ၀တစ်ကွေ့ကွေ့မှာ

အကယ်၍ကြုံလာရင်

အကောင်းဆုံးရင်ဆိုင်လို့

အဆင်သင့်ဖြစ်ဖို့လိုတယ်......


ငါတို့နိုင်ကို နိုင်ရမယ်လို့။ ။

AungZawHtay

24 5 2021