Saturday, September 18, 2021
နေတတ်ရင် အေးဆေးလေး ဆိုသူများသို့
Friday, June 4, 2021
သူငယ်ပြန်ရမဲ့အရွယ်
သူငယ်ပြန်ရမဲ့အရွယ်
ငယ်သူငယ်ချင်းတွေ ငယ်ဘ၀က အလွှာမတူ အဆင့်အတန်းမတူသော်ငြားလည်းပဲ အတူတူတွဲ အတူတူကဲ အတူတူမခွဲခဲ့ကြဘူး။
အရွယ်ကလေးရလာ သီးချိန်ပွင့်ချိန်တန်လာတဲ့ အခါကြတော့လဲ သူ့အသီးနဲ့သူ သူ့အပွင့်နဲ့သူ တန်ရာတန်ရာ တော်ရာတော်ရာ ကိုယ့်လမ်းကိုယ်လျှောက်ကြတဲ့အခါ မလွဲသာလို့ မထင်မှတ်ပဲကွဲကွာသွားကြတာလဲရှိတယ် တမင်တကာခွဲခွာသွားကြတာလဲရှိတယ်။
အမှတ်မထင်ကွဲကွာသွားလို့ပြန်တွေ့ကြရင် ပြန်လည်ပြီးနုပျိုချင်သလိုလိုဖြစ်ရသလို တမင်တကာခွဲခွာလို့ပြန်တွေ့ကြရင် မခေါ်မပြောချင်တော့တာလဲရှိတယ်။
အရွယ်ကလေးရင့်လာတဲ့အခါမှာတော့ ငယ်ကပဲပေါင်းပေါင်း ကျောင်းသွားဖေါ်ပဲဖြစ်ဖြစ် မိတ်ဆွေအတုနဲ့အစစ် ခွဲခြားဆန်းစစ်နိုင်ပြီဖြစ်လို့ ဘာကိုမှလွမ်းမနေအားတော့ဘူး။
မီးစာကုန်ဆီခမ်းလို့ စိတ်မောပင်ပန်းနွမ်းနယ်နေပြီး ဘ၀ရဲ့နေ၀င်ချိန်နေ့များကို ဘယ်လိုစခန်းသွားမလဲဆိုတာ သဲသဲကွဲမသိရပေမဲ့ ခုချိန်ထိ လောဘ မောဟ ဒေါသ ဆိုတဲ့ အတ္တအစွဲတွေနဲ့ ကျွန်တော်တို့ခင်ဗျားတို့ နောင်တ တွေမဲ့နေဆဲ သင်္က္ခာရတရားတွေမဲ့နေဆဲ .......
အို နာ သေ ဆိုတဲ့အရွယ်သုံးပါးရဲ့ နောက်ဆုံးနေရက်များကို အလွယ်တကူ သက်တောင်သက်သာ ဖြတ်သန်းဖို့အတွက် ဒီနေ့ ဒီရက်ကစလို့ ဘာတွေလုပ်ရင်ကောင်မလဲတွေးကြည့်မိတယ်။
ခင်ဗျားကော တွေးကြည့်မိဖူးသလား။
ခင်ဗျားတို့ ကျုပ်တို့ ဘာလုပ်သင့်သလဲ ?
ဘယ်လိုပြင်ဆင်သင့်သလဲ ? သာရေးနာရေးနဲ့ဘာသာရေးလူမှု့ရေးတွေလုပ်သင့်သလား ?တရားစခန်းပဲ၀င်သင့်သလား ?
တရားစစ်တရားမှန်မှာ တရားအမှန်ကောပေါက်ပါမလား ? သေချင်ရဲ့အခြားတစ်ဖက်မှာ ဘာတွေရှိမလဲ? နောင်သံသရာကောင်းရာကောင်းကြောင်း အေးရာအေးကြောင်းအတွက် ခုချိန်မှာကောင်းမှု့ကုသိုလ်တွေလုပ်ရင် အချိန်မှီသေးသလား မှီပါ့မလား ?
ဟူးးးးးးးး
သက်ပြင်းအခါခါချမိတဲ့နောက်တော့
ဘုရားဟောခဲ့တယ်ဆိုတဲ့ အဆိုတွေထဲက ကိုယ့်သတိရချင်တာ ရတော့တာပဲ...........
"ကံဆိုတာ အလုပ်"
"အလုပ်ကောင်းရင် ကံကောင်မယ်"
"ကောင်းမှု့ပြုခဲ့လို့ ကောင်မှု့ခံစားရတယ်"
"ကံ ကံ၏အကျိုး"
"သတ္တဝါတစ်ခု ကံတစ်ခု"
"ဘယ်သူမပြု မိမိမှု့"
"ပြုသူအသစ် ဖြစ်သူအဟောင်း"
"ကောင်းမှု့ပြုခဲ့လို့ ကောင်မှု့ခံစားရတယ်"
"..................."
"..................."
"..................."
"..................."
စဉ်းစားရင်းတွေးရင်းနဲ့ ငယ်ငယ်တုန်းကဘ၀တွေကိုပဲပြန်လည်တမ်းတမိနေပါတော့တယ်
ငါ သူငယ်ပြန်သွားတာများလား............
Aung Z Ht
Wednesday, May 26, 2021
ယုံကြည်ချက်
ယုံကြည်ချက်
အကယ်၍များ
မျှော်လင့်ထားသလို
ဖြစ်မလာဘူးဆိုရင်......
အကယ်၍များ
ထင်မြင်ထားသလို
မဖြစ်ခဲ့ဘူးဆိုရင်......
အကယ်၍များ
ယုံကြည်ထားသလို
မဟုတ်ခဲ့ဘူးဆိုရင်......
အကယ်၍များ
မျှော်လင့်မထားပဲ
ဖြစ်လာခဲ့မယ်ဆိုရင်......
အကယ်၍များ
ထင်မှတ်မထားပဲ
ဖြစ်သွားခဲ့မယ်ဆိုရင်......
အကယ်၍များ
အယုံအကြည်မဲ့တဲ့ကြားက
အမှန်ဖြစ်သွားခဲ့ရင်......
အကယ်၍ပေါ့
ဘ၀တစ်ကွေ့ကွေ့မှာ
အကယ်၍ကြုံလာရင်
အကောင်းဆုံးရင်ဆိုင်လို့
အဆင်သင့်ဖြစ်ဖို့လိုတယ်......
ငါတို့နိုင်ကို နိုင်ရမယ်လို့။ ။
AungZawHtay
24 5 2021
Saturday, January 9, 2021
"သက်တမ်းရင့်ကဗျာ"
"သက်တမ်းရင့်ကဗျာ"
📖📖📖📖📖
ဝါသနာပါလို့
ကဗျာတစ်ချို့ရေး
စာရေးတတ်ခါစ
ဟိုတစ်စ ဒီတစ်စပေါ့......
လက်ဖဝါးပေါ်မှာ
သစ်ရွက်တွေပေါ်မှာ
ဗလာအုပ်ထဲမှာ
ပုံနှိပ်စာအုပ်ထဲမှာ
ဖိတ်စာတွေပေါ်မှာ
နံရံလွတ်ပေါ်မှာ
ဟိုမှာ ဒီမှာ
"ချစ်စိတ်နုတ်ပိတ်"
"ဒို့မျိုသိပ့်လို့"
"တိတ်တိတ်လေးပဲချစ်တော့မယ်"တို့
ဘာတို့ပေါ့.......
အခုအခါ
အဲ့ဒီအတိုအထွာလေးတွေ
ပြန်တွေ့ ပြန်တွေး
ငယ်ဘ၀လေးကို
ပြန်ဆွေးနေမိတော့တယ်......
အရင် နဲ့ အခု
တူအောင် တုလဲ
နုညံတဲ့ ကဗျာ
တစ်ပိုဒ်တစ်လေတောင်
တွေးပေါ်မလာ
ကျွန်တော့ ကဗျာတွေ
အသက်ကြီးနေပါပြီ။။
(ခံစားမှု့စာစု)
AungZawHtay
10 1 2021
08:56